ရိုစီညာ တဖြည်းဖြည်းချင်းပြင်ဆင်နေတဲ့ ကွင်းလယ်ပြဿနာ

Published 1 个月 前
Article
ရိုစီညာ တဖြည်းဖြည်းချင်းပြင်ဆင်နေတဲ့ ကွင်းလယ်ပြဿနာ

ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က နည်းပြဟောင်း အန်ဇိုမာရက်စကာ လက်ထက်ကတည်းက အန်ဇို ၊ ကိုင်စီဒို ၊ ပါးမား တို့လိုအရည်အသွေးမြင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုပေမယ့် လိုအပ်ချက်တစ်ချို့ကတော့ ရှိနေဆဲဖြစ်ပါတယ် ။ ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က On The Ball တွေမှာတော့ သိပ်ကိုကောင်းမွန်ပေမယ့် Off The Ball အခြေအနေတွေကြရင် သိပ်ပြီးတော့ အဆင်မပြေပါဘူး ။ ကိုးပါးမား ရဲ့ ခံစစ်လိုက်ကူမှုကလည်း လိုအပ်ချက်ရှိသလို အန်ဇိုမာရက်စကာ အနေနဲ့ နောက်ထပ် ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်တဲ့ အန်ဇိုဖာနန်ဒက် ကိုလည်း တိုက်စစ် အလွန်အကျံ လိုက်ပါခိုင်းခဲ့တာကြောင့် ဘောလုံး ဆုံးရှုံးသွားတဲ့ အချိန်တွေကြရင် ချယ်ဆီး အသင်းရဲ့ ကွင်းလယ်ပိုင်းက တော်တော်လေး ကို ဖရိုဖရဲ ဖြစ်နေတာကို ခနခန တွေ့မြင်နေရတယ် ။

ဒါပေမယ့် နည်းပြ အသစ် လီယန် ရိုစီညာ ရဲ့ လက်ထက်မှာတော့ ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်း ပြဿနာတွေကို တဖြည်းဖြည်းချင်းစီ ပြောင်းလဲနေတာကို တွေ့ရတယ် ။ အရင်က အန်ဇို ၊ ကိုင်စီဒို တို့နှစ်ယောက်ထဲ ထိုင်ဆော့တဲ့ ကွင်းလယ်တန်းကို သူ့ရဲ့ တပည့်အရင်းဖြစ်တဲ့ အန်ဒရီ ဆန်းတို့စ် ကို ပေါင်းထည့်ခဲ့ပြီး အန်ဒရီ ဆန်းတို့စ် ကို ခံစစ် သီးသန့်ဆော့စေခဲ့တယ် ။ ဒီအချက်ကြောင့် ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က အရင်ကထက် သိသိသာသာ မာကျောလာခဲ့သလို ပြိုင်ဘက် အသင်းရဲ့ ကွင်းလယ်ကိုလည်း အရင်တုန်းကထက် ပိုမို စိုးမိုးကစားလာနိုင်တယ် ။ခံစစ်ပိုင်း ကို ကူညီတဲ့ အပိုင်းမှာလည်း အရင် လို ကိုင်စီဒို တစ်ယောက်ထဲမဟုတ်တော့ပဲ အန်ဒရီ ဆန်းတို့စ်ပါ ရှိနေတာကြောင့် ကိုင်စီဒို တစ်ယောက် အရင်ကထက် ပိုမိုသက်သက်သာသာ ကစားလာနိုင်တယ် ။ ဒီလို သက်သက်သာသာ ကစားလာနိုင်တာကြောင့် အရင်တုန်းကထက် ပိုမို ခြေစွမ်းပြလာတယ် ။ အရင်နည်းပြဟောင်း အန်ဇိုမာရက်စကာ ရဲ့ လက်ထက်မှာတော့ အန်ဒရီ ဆန်းတို့စ် ကို နေရာမပေးခဲ့ပေမယ့် အခုနည်းပြ လီယန် ရိုစင်ညာကတော့ အန်ဒရီ ဆန်းတို့စ် ကို သေသေချာချာ နေရာပေးလာခဲ့တယ် ။ အခြား အရန်ကွင်းလယ်ကစားသမားတွေ ဒဏ်ရာပြဿနာကြောင့် ပွဲတိုင်းတော့ အန်ဇို ၊ ကိုင်စီ ၊ ဆန်းတို့စ် တို့ရဲ့ ကွင်းလယ်အစုအဖွဲ့နဲ့ ပွဲထွက်နေတာမျိုးမဟုတ်ပါဘူး ။

လီယန် ရိုစင်ညာ အတွက် လာဗီးယား တို့ အက်ဆိုဂူး တို့ ဒဏ်ရာကပြန်လည်သက်သာလာတဲ့ အချိန်ကြရင်တော့‌ တော်တော်လေးကို လုပ်ရကိုင်ရ လွယ်ကူသွားစေမှာပဲဖြစ်ပါတယ် ။ လီယန် ရိုစင်ညာ ချယ်ဆီး အသင်းကို ကိုင်တွယ်ပြီးကတည်းက သိသိသာသာ တိုးတက်လာတာကတော့ တိုက်စစ်မှူး ဂျာအို ပက်ဒရို နဲ့ ကွင်းလယ်ကစားသမား အန်ဒရီ ဆန်းတို့စ်ပါပဲ ။ ရိုစီညာ ကတော့ တဖြည်းဖြည်းနဲ့ လိုအပ်ချက်ရှိနေတဲ့ အပိုင်းတွေကို ပြောင်းလဲပြင်ဆင်နေပြီဖြစ်ပါတယ် ။ လီယန် ရိုစင်ညာ လက်ထက် ချယ်ဆီးအသင်း အရင်လို ဆုဖလားအောင်မြင်မှုတွေ ဆွတ်ခူးနိုင်အုံးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။

#mmmedia

#chelsea

#coach
#liamrosenior

#enzomaresca

#midfielder

#colepalmer

#enzofernandez

#caicedo

Leave a reply

💬 Join our Telegram
📢 您好!您可以直接向管理員詢問更多資訊…