ဒေါ့မွန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို ဖျက်ဆီးလိုက်တဲ့ ချဲလ်ဆီး အသင်း

Published 1 个月 前
Article
    ဒေါ့မွန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို ဖျက်ဆီးလိုက်တဲ့ ချဲလ်ဆီး အသင်း

ဒေါ့မွန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို ဖျက်ဆီးလိုက်တဲ့ ချဲလ်ဆီး အသင်း

ချဲလ်ဆီး အသင်း က ဟိုးအရင် ပိုင်ရှင်အဟောင်းဖြစ်တဲ့ ရိုမန် လက်ထက်ကတည်းက အရည်အသွေးမြင့် ကစားသမားပေါင်းများစွာကို ဝယ်ယူပြီး အခြားကလပ်အသင်းတော်တ်ောများများထံ အငှားစေလွှတ်တက်တဲ့ System တစ်ခုရှိခဲ့ပါတယ် ။ အငှားစေလွှတ်ခဲ့တဲ့ ကစားသမားများစွာထဲက တစ်ချိန်မှာ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်လာမယ့် ဒီဘရိုင်း ၊ ဆာလတ် တို့လို ကစားသမားတွေလဲပါဝင်ခဲ့တယ် ။ အခုပိုင်ရှင်အသစ်တွေဖြစ်ကြတဲ့ Blue Co အုပ်စု လက်ထက်မှာလဲ အဲ့ဒီ ကစားသမားပေါင်းများစွာခေါ်ယူပြီး အခြားအသင်းတွေထံ အငှားချတက်တဲ့ System က ပိုမိုအားကောင်းလာခဲ့တယ် ။ အရင်လို ကလပ်အသင်းပေါင်းများစွာကို အငှားချတာမျိုးမဟုတ်တော့ပဲ သူတို့နဲ့ ဆက်ဆံရေးပြေလည်တဲ့ အသင်းတွေ ၊ ပြီးတော့ ချဲလ်ဆီး အသင်းရဲ့ မိတ်ဖက် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စထရာဘော့စ် အသင်းကို အငှားစေလွှတ်တာတွေများလာခဲ့တယ် ။

အခုနောက်ပိုင်း ချဲလ်ဆီး အသင်းပိုင်ရှင်သစ်တွေရဲ့ လုပ်ရက်တွေကြောင့် ချဲလ်ဆီး အသင်းနဲ့ ဆက်ဆံရေးပြေလည်တယ်ဆိုတဲ့ အသင်းတွေကရှားလာခဲ့တယ် ။ ဘရိုက်တန် ၊ ဒေါ့မွန်တို့လို အသင်းတွေကသာ ချဲလ်ဆီး အသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ပြောလို့ရမယ် ။ ချဲလ်ဆီး အသင်းက ဘရိုက်တန်ထွက်ကစားသမားများစွာကို ခေါ်ယူလေ့ရှိပြီး လူငယ်ကစားသမားတော်တော်များများကိုတော့ ပွဲကစားချိန်ပိုမိုရရှိစေဖို့ စထရာဘေ့ာစ် နဲ့ ဒေါ့မွန် အသင်းတွေကို အငှားစေလွှတ်ခဲ့တယ် ။ ဒေ့ါမွန် အသင်းက မနှစ်ကဘောလုံးရာသီတုန်းကလည်း ချူဝေမီကာ ကို အငှားနဲ့ ခေါ်ယူခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာလည်း အဆန်မီနို ကို အငှားနဲ့ ခေါ်ယူခဲ့တယ် ။ ချယ်ဆီး အသင်းက ဒီနှစ်ဘောလုံးရာသီမှာ ခံစစ်ပိုင်းပြဿနာ ကို ကောင်းကောင်းကြီး ကြုံတွေနေရပြီး ဒဏ်ရာရ ကစားသမားတွေလည်းများနေတာကြောင့် နောက်တန်းခံစစ် ကို အားဖြည့်ဖို့အတွက် ရန်းနက်စ် အသင်းရဲ့ လူငယ်နောက်ခံကစားသမား ဂျရေမီဂျက်ကွက်စ် ကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး ကိစ္စညှိနှိုင်းတဲ့ နေရာမှာ အဆင်မပြေခဲ့တာကြောင့် ဒေါ့မွန်အသင်းထံ အငှားချခဲ့တဲ့ အဆန်မီနိုကို အသင်းထံပြန်လည်ခေါ်ယူခဲ့တယ် ။

ဒေါ့မွန်အသင်း တာဝန်ရှိသူတွေ အနေနဲ့လည်း ချဲလ်ဆီး အသင်းရဲ့ ဒီလုပ်ရက် အပေါ် တော်တော်လေးကို စိတ်ပျက်နေခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း တာဝန်ရှိသူတွေအနေနဲ့ ဒီလိုလုပ်ရပ် တွေက မကြာခန ဆိုသလို ပြုလုပ်နေတာပါ ။ တိုက်စစ်ပိုင်း အတွက် လိုတုန်းကလည်း နီကိုလပ် ဂျက်ဆင် ၊ မက်ဂီယူ တို့ကို ပြန်လည်ခေါ်ယူဖို့လုပ်ဆောင်ခဲ့သလို အခုချိန်မှာ အဆန်မီနိုကို အဲ့လိုမျိုးထပ်ပြီး ပြုလုပ်ခဲ့တာပါ ။ ဒီအချက်ကြောင့် ဒေါ့မွန် အသင်းတာဝန်ရှိသူတွေက အလွန် စိတ်ပျက်နေပြီး ချဲလ်ဆီး အသင်းအနေနဲ့ ဒေါ့မွန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို ဖျက်ဆီးလိုက်တာပဲဖြစ်ပါတယ် ။

#mmmedia

#chelsea

#dortmund

#roman

#football

#liamrosenior

Leave a reply

💬 Join our Telegram
📢 您好!您可以直接向管理員詢問更多資訊…