ချယ်ဆီးတောင်ပံ ကစားသမားတွေထဲမှာ ဖျော်ဖြေမှုအပေးနိုင်ဆုံးကစားသမား (သို့ ) အက်စတာဗို

Published 1 个月 前
Article
ချယ်ဆီးတောင်ပံ ကစားသမားတွေထဲမှာ ဖျော်ဖြေမှုအပေးနိုင်ဆုံးကစားသမား (သို့ ) အက်စတာဗို

ချယ်ဆီးတောင်ပံ ကစားသမားတွေထဲမှာ ဖျော်ဖြေမှုအပေးနိုင်ဆုံးကစားသမား (သို့ ) အက်စတာဗို

ချယ်ဆီး အသင်းက ဒီနှစ်ဘောလုံးရာသီ အတွက် နွေရာသီ အပြောင်းအရွှေ့ကာလတုန်းက တိုက်စစ်ပိုင်းကို တော်တော်လေးပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်ခဲ့တယ် ။ အထောင်တိုက်စစ်မှူးနေရာအတွက်လည်း ကစားသမား 2 ဦးထိ အပြောင်းအလဲတွေပြုလုပ်ခဲ့သလို တောင်ပံနေရာတွေမှာလည်း မနှစ်ကဘောလုံးရာသီက ပက်ဒရို နက်တို တစ်ယောက်ထဲသာ အသင်းမှာကျန်ခဲ့ပြီး ဂါနာချို ၊ အက်စတာဗို ၊ ဂျေမီ ဂစ်တန် တို့လို လူငယ်ကစားသမားတွေနဲ့ သွေးသစ်လောင်းခဲ့တယ် ။ ဒီအပြောင်းအလဲတွေကြားမှာ တိုက်စစ်မှူးနေရာ သိသိသာသာ တိုးတက်လာပေမယ့် တောင်ပံ နေရာတွေကတော့ မနှစ်ကဘောလုံးရာသီ ဆန်ချို ၊ မာဒူကီ ၊အန်ကူကူ တို့ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကို ကျော်ဖြတ်ဖို့ လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ် ။

နက်တို ၊ ဂျေမီ ဂစ်တန် ၊ ဂါနာချို တို့ရဲ့ စွမ်းဆောင်ရည် က ဒီနှစ်ဘောလုံးရာသီမှာ သိသိသာသာ ကျဆင်းလာပြီး အသင်းအတွက် အထောက်အကူ များများစားစားမပေးနိုင်ခဲ့ပါဘူး ။ ပက်ဒရို နက်တို က ချယ်ဆီး အသင်းအတွက် မနှစ်ကဘောလုံးရာသီတုန်းက မရှိမဖြစ် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီ နောက်ပိုင်းပွဲစဥ်တွေမှာ အမှားတွေများစွာကို ပြုလုပ်နေတာပါ ။ ဒါက ခံစစ်ကို လိုက်ပါကူညီနေရတဲ့ အပိုင်းကြောင့်လည်းဖြစ်နိုင်ပါတယ် ။ ပက်ဒရို က လုပ်နှုန်းကောင်းကောင်း နဲ့ တစ်ပွဲလုံးကို အတက်အဆင်းမှန်မှန် နဲ့ မမောနိုင်မပမ်းနိုင် ကစားနိုင်တဲ့ ကစားသမားမျိုးဖြစ်တာကြောင့် ချယ်ဆီး အသင်း နည်းပြဟောင်း အန်ဇိုမာရက်စကာ ရော အခုနည်းပြအသစ် လီယန်ရိုစင်ညာ နှစ်ယောက်လုံးက အဲ့အားသာချက်တွေအသုံးချပြီး ခံစစ်ကို သိသိသာသာ လိုက်ကူပြီး ကစားခိုင်းစေပါတယ် ။ ခံစစ်ပိုင်း ပိုပြီး သက်သောင့်သက်သာဖြစ်သွားပေမယ့် အရင်လို နက်တို ရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်ကိုမမြင်တွေ့ရတော့ပါဘူး ။ အဲ့ထဲမှာ ထူးထူးခြားခြား အသက်အရွယ် နဲ့ မလိုက်အောင်တောက်ပပြနေတာကတော့ အက်စတာဗို ဝီလျံ ဆိုတဲ့ အသက် 18 နှစ်အရွယ် ချာတိတ်လေးပဲဖြစ်ပါတယ် ။ ဒီနှစ်ဘောလုံးရာသီမှ ပရီးမီးယားလိဂ် ကို စရောက်တယ်ဆိုပေမယ့် အက်စတာဗို ဝီလျံ ပြသထားတဲ့ ခြေစွမ်းတွေ ၊ စွမ်းဆောင်ရည်တွေ ၊ အသင်းပေါ်အကျိုးပြုမှုတွေက တကယ့်ကို အံမခန်းပဲဖြစ်ပါတယ် ။

ဒီနှစ်ဘောလုံးရာသီ အခြားခေါ်ယူထားတဲ့ ကစားသမားတွေကော အသင်းမှာရှိပြီးသား ပက်ဒရို နက်တို ရော ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့အချိန် အက်စတာဗို ဝီလျံ က အသင်းကို အများကြီး ထမ်းတင်ပေးနေတာပဲဖြစ်ပါတယ် ။ ပွဲထွက်ခွင့်ရတဲ့ အချိန်တိုင်း အသင်းကို အများကြီး အကျိုးပြုနိုင်သလို သူ့ခြေထဲ ဘောလုံးရောက်သွားရင် တစ်ခုခုလုပ်ပြနိုင်တော့မယ် ဆိုတဲ့ ယုံကြည်မှု တစ်ခုရအောင် ကစားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ ချယ်ဆီး အသင်း တိုက်စစ် အတွက် မရှိမဖြစ်အရေးပါတဲ့ ဂျာအို ပက်ဒရို ၊ ပါးမား တို့နဲ့လည်း ချိတ်ဆက်ကစားတဲ့ အပိုင်းမှာ အခြားတောင်ပံကစားသမားတွေထက် ပိုပြီး ချိတ်ဆက်မှုအားကောင်းတဲ့ အချက်ကိုလည်း သိသိသာသာမြင်တွေ့နေရတာပဲဖြစ်ပါတယ် ။ ဒီချာတိတ်လေး ဘယ်လောက်အထိတောက်ပ လာနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ‌ကျေးဇူးအများကြီး တင်ရှိပါတယ် ။

#mmmedia|

#chelsea

#estevaowillian

#winger

#premierleague

#football

Leave a reply

💬 Join our Telegram
📢 您好!您可以直接向管理員詢問更多資訊…