လာဗီယား ပြန်လည်ပါဝင်လာတဲ့ ချယ်ဆီး အသင်း ရဲ့ ကွင်းလယ် ဘယ်လောက်အထိ တောင့်တင်းသွားမလဲ?
ချယ်ဆီး အသင်း အနေနဲ့ နည်းပြအသစ် ရိုစင်ညာ လက်ထက်မှာ သိသိသာသာ တိုးတက်လာတာက ကွင်းလယ်ပိုင်း နဲ့ တိုက်စစ်ပိုင်းပဲ ။ တိုက်စစ်မှူးတွေက အန်ဇိုမာရက်စကာ လက်ထက်ကထက် ပိုမို လုပ်ကွက်တွေထွက်ပေါ်လာသလို ကွင်းလယ်ပိုင်းကလည်း ပိုပြီး ကျစ်လစ် လာခဲ့တယ် ။ အရင်လို ရီစီဂျိမ်း ကို ကွင်းလယ်နေရာအတွက် အသုံးမပြုတော့ပဲ သူ့ရဲ့ နေရာအမှန်ဖြစ်တဲ့ FULLBACK မှာသာ ကစားခိုင်းပြီး ရိုစင်ညာက သူ့ရဲ့ တပည့်အရင်းဖြစ်တဲ့ အန်ဒရီ ဆန်းတို့စ် ကို ကောင်းကောင်းကြီး ပုံစံအသစ်တစ်မျိုး နဲ့ အသင်းရဲ့ ကွင်းလယ်ကို သိသိသာသာတောင့်တင်းလာအောင် ပြုလုပ်ခဲ့တယ် ။
အရင်ကတည်းက ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က အန်ဇိုဖာနန်ဒက် ၊ ကိုင်စီဒို တို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေရဲ့ ဦးဆောင်မှုနဲ့ အတူ ကောင်းမွန်တဲ့ ကွင်းလယ်တစ်ခုရှိပေမယ့် အန်ဇိုဖာနန်ဒက် တိုက်စစ် လိုက်ပါတဲ့ အချိန်ကြရင် ကိုင်စီဒို တစ်ယောက်တည်း နည်းနည်းလေး ဒုက္ခရောက်နေတာကို မကြာခဏ ဆိုသလို တွေ့မြင်ခဲ့ရတယ် ။ အဲ့ပြဿနာ ကို နည်းပြအသစ် လီယန် ရိုစင်ညာ က သူ့တပည့်အရင်းအန်ဒရီ ဆန်းတို့စ် တို့ ကိုင်စီဒို Double Pivot အနေနဲ့ ကစားခိုင်းပြီး ကိုင်စီဒို ကိုရော အသင်းရဲ့ ခံစစ်ကိုပါ လိုက်ပါကူညီခိုင်းခဲ့တယ် ။ အန်ဒရီ ဆန်းတို့စ် အနေနဲ့လည်း နည်းပြပြောဆိုတဲ့ အတိုင်း အကောင်းဆုံး ကစားပေးခဲ့တာကြောင့် ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က အရင်ကထက် ပိုမိုတောင့်တင်းလာခဲ့တယ် ။ အဲ့တာအပြင် ဒဏ်ရာပြဿနာ ကြောင့် အချိန်တစ်ခုကြာ အနားယူနေရတဲ့ ရိုမီယို လာဗီယား တစ်ယောက်လဲ ဒဏ်ရာပြဿနာတွေက ပြန်လည်ကောင်းမွန်လာပြီး အသင်းနဲ့ လေ့ကျင့်ရေးပြန်လည်ဆင်းနေပြီးဖြစ်တာကြောင့် မကြာခင် ပြန်လည်ကစားနိုင်တော့မှာပဲ ။
လူငယ် ကစားသမား အက်ဆိုဂူ အနေနဲ့လည်း ဖေဖော်ဝါရီ လ လောက်ကြရင်ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်တာကြောင့် ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က တော်တော်လေး တောင့်တင်းသွားမှာပဲဖြစ်ပါတယ် ။ အန်ဇို ဖာနန်ဒက် ၊ ကိုင်စီဒို တို့ရဲ့ ဦးဆောင်မှုနဲ့ အတူ အန်ဒရီဆန်းတို့စ် ၊ လာဗီးယား ၊ အက်ဆိုဂူ တို့လို အရည်အသွေးမြင့် လူငယ်ကစားသမားတွေနဲ့ ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က ဘယ်လောက်အထိ တောင့်တင်းသွားမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ လီယန် ရိုစင်ညာ အနေနဲ့လည်း အန်ဒရီ ဆန်းတို့စ် ကိုအကောင်းဆုံး ကိုင်တွယ်တဲ့နိုင်ခဲ့သလို လာဗီးယား ၊ အက်ဆိုဂူ တို့ကိုရော အဆင်ပြေအောင် ကိုင်တွယ်သွားနိုင်မလားဆိုကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#rosenior
#coach
#romeolavia
#midfielder
最新消息
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整
馬德里競技 vs 巴塞隆納(賽後回顧)
赫爾城 vs 切爾西(賽後回顧)