ကွင်းလယ်ကစားသမား တစ်ဦးကို ခေါ်ယူဖို့ စီစဥ်နေတဲ့ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် အသင်းက လုပ်အားနှုန်းကောင်းကောင်းနဲ့ အသင်းရဲ့ ကွင်းလယ်ကို ထိန်းကြောင်းပေးနိုင်မယ့် ကစားသမားတစ်ယောက်လိုအပ်နေခဲ့တာ နည်းပြ အာမိုရင် ကိုင်တွယ်နေခဲ့တဲ့ အချိန်ကတည်းပါ ။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ကတ်စမဲရိုး နဲ့ အူဂါတေး တို့နှစ်ယောက်စလုံးက တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အပြင် အသင်းရဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားလေး ကိုဘီ မိုင်နူး ရဲ့ အနာဂတ် ကလည်း မန်ချက်စတာယူနိုက်တက် အသင်းမှာ ဆက်ရှိနေအုံးမယ်လို့ အသေအချာကြီးမပြောနိုင်သေးပါဘူး ။ ပရီးမီးယားလိဂ် အခြားအသင်းကြီးတွေနဲ့ ယှဥ်ကြည့်ရင် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်စုဖွဲ့မှုက တော်တော်လေးကို အားနည်းနေပါတယ် ။
အဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေအနေနဲ့ အခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူပေးဖို့အတွက် စီစဥ်နေတာပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လွန်ခဲ့တဲ့ 24 နာရီလောက်က ကွင်းလယ်ကစားသမား တစ်ဦးကို လျှို့ဝှက်ပြီး ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတော်တော်များများတက်လာခဲ့ပါတယ် ။ အဲ့ဒီ မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေ လျှို့ဝှက်တွေ့ဆုံ ခဲ့တဲ့ ကစားသမားက ပရီးမီးယားလိဂ် အတွေ့အကြုံ ပြည့်ဝတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့အပြင် လက်ရှိအချိန်မှာလဲ ဥရောပမှာ ကစားနေတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ပရီးမီးယားလိဂ် နဲ့ ကောင်းကောင်းအသားကျပြီးသား အတွေ့အကြုံ ပြည့်ဝတဲ့ ကစားသမားတစ်ယောက်ကို အငှားနဲ့ ခေါ်ယူမှာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဒီလို လိုအပ်ချက်ကြီးကြီးမားမား ရှိနေတဲ့ ကွင်းလယ်ကျော ကို အတွေ့အကြုံရင့် ကစားသမားတစ်ဦးနဲ့ အားဖြည့်မယ်ဆိုတာ ကောင်းမွန်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ် ။
ကက်စမဲရိုး ကလည်း နောက်ပိုင်းမှာ အသက်အရွယ်ကြောင့် ပွဲချိန်ပြည့်မကစားနိုင်တော့တဲ့ အချိန် ၊ အူဂါတေး ဆီကနေလည်း ဘာမှ မျှော်လင့်လို့မရတော့တဲ့ အချိန်မှာ ကွင်းလယ်ကစားသမားတစ်ယောက်ကို အပြီးသတ်ဝယ်ယူတာပဲဖြစ်ဖြစ် ၊ အငှားနဲ့ ခေါ်ယူတာပဲဖြစ်ဖြစ် ဒါကမှန်ကန်တဲ့ လုပ်ရက်တစ်ခုပဲဖြစ်ပါတယ် ။ လက်ရှိအချိန် ဥရောပမှာ ကစားနေပြီး ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေက အများကြီးပါ ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ကတော့ ဘယ်ကစားသမားကို ခေါ်ယူဖို့ချိတ်ဆက်နေတယ်ဆိုတာတော့ အခုထိ ရေရေရာရာ မသိရသေးပါဘူး ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ?။ မန်ချက်စတာယူနိုက်တက် အသင်းက ဘယ်ကစားသမားကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာလဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆူံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီး တင်ရှိပါတယ် ။
#mmmedia
#manchesterunited
#coach
#rubenamorim
#manuelugarte
#harrymaguire
#casemiro
#midfielder
最新消息
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整
馬德里競技 vs 巴塞隆納(賽後回顧)
赫爾城 vs 切爾西(賽後回顧)