မိုက်ကယ်ကားရစ် ရဲ့ 4ပွဲဆက်နိုင်ပွဲနဲ့အတူ ချေဖျက်လိုက်တဲ့ စံချိန်းဆိုးတစ်ခု

Published 1 个月 前
Article
မိုက်ကယ်ကားရစ်  ရဲ့ 4ပွဲဆက်နိုင်ပွဲနဲ့အတူ ချေဖျက်လိုက်တဲ့ စံချိန်းဆိုးတစ်ခု

မိုက်ကယ် ကားရစ် ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းကတော့ တကယ့်ကို အံမခန်းပါပဲ ။ မနှစ်ကဘောလုံးရာသီကတည်းက မထင်မှတ်ထားတဲ့ ပွဲစဥ်တွေဆို နိုင်လိုက် ၊ နိုင်ကို နိုင်သင့်တဲ့ ပွဲစဥ်တွေဆို အမှတ်ဆုံးရှုံးလိုက်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ပြသနိုင်ဖို့အတွက်တော့ တော်တော်လေးကို ရုန်းကန်ခဲ့ရပါတယ် ။ ဒါတွေက အာမိုရင် ရဲ့ ခေါင်းမာမှုတွေနဲ့ အများကြီးသက်ဆိုင်တယ် ။ လူငယ်နည်းပြတွေက ဘယ်လောက်ပဲ အရည်အချင်းရှိတယ်ပြောပြော သူတို့ရဲ့ နည်းစနစ် ၊ သူတို့ရဲ့ ဗျူဟာ ဆိုပြီး အတ္တကြီးတက်ကြတယ် ။ အာမိုရင် လည်း ဒီလိုပဲ ။ မန်ချက်စတာယူနိုက်တက် အသင်းကို အိမ်မက်ကြီးကြီးမားမား ထားပြီး ရောက်ရှိလာခဲ့ပေမယ့် အချိန်ကြာကြာတော့ မန်ချက်စတာယူနိုက်တက် အသင်း နည်းပြရာထူးကို မထိန်းသိမ်းလိုက်နိုင်ဘူး ။

အခုဆိုရင်ပဲကြည့် အာမိုရင် ကိုင်တွယ်ခဲ့တဲ့ တစ်ရာသီလောက်အတွင်းမှာပြသခဲ့တဲ့ ခြေစွမ်း ၊ စွမ်းဆောင်ပြနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေနဲ့ အခု မိုက်ကယ် ကားရစ်လက်ထက် မှာ ပြသနေတဲ့ အချက်အလက်တွေ စွမ်းဆောင်ရည်တွေ က ဘားမှကိုမဆိုင်ဘူး ။ သိသိသာသာကြီးကိုပြောင်းလဲနေတယ် ။ မိုက်ကယ် ကားရစ် လက်ထက် ကစားသမားတွေရဲ့ နိုင်လိုစိတ် ၊ တိုက်ပွဲဝင်လိုစိတ် တွေက ကြောက်စရာကောင်းလောက်အောင် ကစားသမားတိုင်းမှာ မြင်တွေ့နေရတယ် ။ အခုဆိုရင် မိုက်ကယ် ကားရစ် က မန်ချက်စတာယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်ကတည်းကနေ အခုချိန်ထိ ရာနှုန်းပြည့်နိုင်ပွဲရအောင်စွမ်း‌ဆောင်နိုင်နေတာပဲဖြစ်ပါတယ် ။ အခုဆိုရင် 4 ပွဲဆက် နိုင်ပွဲဆက်နေသလို အနိုင်ယူပြထားတဲ့ အသင်းတွေထဲမှာ အခြေအနေဆိုးနေတဲ့ အသင်းတစ်သင်းမှ မပါပါဘူး ။ ရာသီတိုင်း မန်ချက်စတာယူနိုက်တက် အသင်းကို ဒုက္ခပေးတက်တဲ့ ပက် ရဲ့ မန်စီးတီး ၊ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံးအသင်းဖြစ်တဲ့ အာဆင်နယ် ၊ ရင်ဆိုင်ရခက်ခဲတဲ့ ဖူဟမ် ၊ အခုနောက်ဆုံး အနိုင်ယူခဲ့တာကတော့ သောမက်ဖရန့် ရဲ့ တော်တင်ဟမ်စပါး အဲ့လို အသင်းကြီးတွေကိုပဲ အနိုင်ယူပြထားတာပါ ။ အခုလိုနိုင်ပွဲဆက်နေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲကြီးမှာ အခြေအနေကောင်းနေခဲ့သလို စံချိန်ဆိုးကြီးတစ်ခုကိုလည်း ချေဖျက်လိုက်နိုင်ပြီပဲဖြစ်ပါတယ် ။

မန်ချက်စတာယူနိုက်တက် အသင်းက တော်တင်ဟမ် စပါး အသင်းနဲ့ ရင်ဆိုင်ရတဲ့ နောက်ဆုံး 8 ကြိမ်မှာ အနိုင်ရလဒ် ရရှိအောင်မစွမ်းဆောင်ထားနိုင်ပါဘူး ။ တော်တင်ဟမ် စပါး အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး 8 ကြိမ်မှာ 5 ကြိမ်အထိ အရှုံးပေးထားရပြီး 3ကြိမ်သာ သရေရလဒ် ရရှိအောင်စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ် ။ ဘာပဲဖြစ်ဖြစ်ပါ အခုဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းကို မိုက်ကယ် ကားရစ် ကိုင်တွယ်ပြီးနောက် 4 ပွဲဆက်နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်သလို စပါး အသင်းကို အနိုင်မယူနိုင်ဘူးဆိုတော့ စံချိန်ဆိုးကြီး တစ်ခုကိုလည်း ချေဖျက်လိုက်နိုင်ပြီဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။

#mmmedia

#manchesterunited

#michaelcarrick

#coach

#amorim

#premierleague

Leave a reply

💬 Join our Telegram
📢 您好!您可以直接向管理員詢問更多資訊…