ပီလီဆိုတဲ့ နာမည်တစ်လုံးဘယ်လို စဖြစ်လာတာလည်း
ဘရာဇီး ဘောလုံးလောက ရဲ့ ထာဝရ အကောင်းဆုံး ကစားသမား၊ ဘောလုံး အားကစားကို လူစိတ်ဝင်စားမှုများအောင်လုပ်ပေးနိုင်ခဲ့တဲ့ ကစားသမား၊စစ်ပွဲကိုဘောလုံးအားကစားနဲ့ရပ်တန့်နိုင်ခဲ့သူ၊ဘယ်ကစားသမားမှမရရှိဖူးတဲ့ကမ္ဘာ့ဖလား 3 ကြိမ်တိုင်တိုင်ရရှိထားခဲ့တဲ့ ကစားသမား ကတော့ ပီလီပဲဖြစ်ပါတယ်။ပီလီ တို့ခေတ် ဘောလုံး ကစားတဲ့ပုံစံကအခုခေတ်မော်ဒန်လောကဘောလုံးကစားတာနဲ့ကွဲပြားခြားနားပါတယ်။ ပီလီတို့ခေတ် က အခုခေတ် မော်ဒန်ဘောလုံးလောက လို ကစားကွက်တွေ ၊ တစ်ဦးချင်းထိုးဖောက်မှုတွေ မရှိသေးတဲ့အချိန် ကတည်း က ဘောလုံး အားကစားကို လူစိတ်ဝင်စားချင်စရာ ကောင်းအောင် မှော်ပညာဆန်ဆန် တစ်ဦးထဲ ထိုးဖောက်မှူတွေနဲ့ လူအများရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ပီလီ ကို 1940 ခုနှစ် အောက်တိုဘာ 23 ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ပီလီ က Sao Paulo ပြည်နယ် bauru မှာ ဆင်းရဲ စွာမွေးဖွားခဲ့ပြီး လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးတစ်ယောက် အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
ပီလီ အဖေ က ဘောလုံးအားကစားကိုအလွန် ကြိုက်နှစ်သက်ကာ သူကိုယ်တိုင်ကလည်း ဘောလုံးကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီးဘောလုံးဆက်ကစားလို့မရလောက်တဲ့ ဒဏ်ရာရရှိခဲ့တာကြောင့်ဘောလုံးကစားတာကို ရပ်တန့်ခဲ့ရပါတယ်။ ပီလီ အဖေက သူ မဖြစ်နိုင်ခဲ့တဲ့ အိမ်မက်တွေကို ပီလီကို အကောင်အထည်ဖော်ပေးချင်ခဲ့တာပါ။ ပီလီ မှာ ပင်ကို ပါရမီ နဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးစိတ်တို့ကခန္ဓာကိုယ်ရဲ့သွေးတွေထဲမှာအပြည့်အဝစီးဆင်းနေပြီးဘောလုံးသမားမဖြစ်နိုင်ဘူးဆိုတဲ့ ထင်မြင်ချက်တွေကို မှားကြောင်း သက်သေပြဖို့ အမြဲတမ်းကြိုးစားနေတဲ့ သူလဲဖြစ်ပါတယ်။ 1956 ခုနှစ်မှာ ပီလီ က ဆန်းတို့စ် အသင်းမှာပထမ ဆုံးပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ ဘရာဇီး အသင်းကဥရုဂွေးအသင်းကိုရှံရှုံးနိမ့်ပြီးကမ္ဘာ့ဖလားကိုဆုံးရှုံးလိုက်ရတာကြောင့်ပီလီအဖေကငိုကြွေးနေခဲ့ပါတယ်။ပီလီက‘အဖေဘာလို့ငိုနေတာလဲကမ္ဘာ့ဖလား သားယူပေးမှာပေါ့ ’ လို့ကတိပေးခဲ့ပါတယ်။14 နှစ် အကြာ ဆီဒင် ကမ္ဘာ့ဖလား မှာ သမိုင်းတစ်လျောက် အသက်အငယ်ဆုံး ကစားသမားဖြစ်ရုံသာမက အသက်အငယ်ဆုံး ဂိုးသွင်းတဲ့ ကစားသမား ၊ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသက်အငယ်ဆုံး hat-trick သွင်းနိုင်တဲ့ ကစားသမား ၊ အသက်အငယ်ဆုံး ဂိုးဖန်တီးမှု လုပ်တဲ့ကစားသမား စတဲ့ စံချိန်တွေနဲ့ အတူသူ့အဖေကိုပေးထားတဲ့ကတိအတိုင်း ကမ္ဘာ့ဖလားကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။ပီလီ ရဲ့ ခြေစွမ်းတွေကြောင့် ဥရောပ အသင်းကြီးတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် အပါအဝင် အခြား အသင်းတွေက ပီလီ ကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြပါတယ်။1958 ခုနှစ်နောက်ပိုင်းမှာပီလီတစ်ယောက်ပိုမိုအောင်မြင်လာခဲ့ပြီးလူတော်တော်များများကလည်းပီလီနဲ့အတူဘောလုံးအားကစားကိုပါတွဲပြီးစိတ်ဝင်စားလာကြတယ်။ ပီလီ နာမည်ပိုကြီးလာတာနဲ့ အမျှ ပီလီ ကိုခေါ်ချင်တဲ့ဥရောပထိပ်တန်းအသင်းတွေကတစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာခဲ့ပေမယ့် ဘရာဇီး အစိုးရတာက ပီလီကိုဘရာဇီးနိုင်ငံရဲ့ ရတနာ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
ပီလီ ရဲ့ ဘောလုံးအားကစား နဲ့ ကမ္ဘာကို လွှမ်းမိုးမှု ကတော့ အင်မတန်ကြီးမားလှပါတယ်။ ပီလီ က စစ်ပွဲကို ပါ ရပ်တန့်စေခဲ့ပါတယ်။ဆန်းတို့စ်အသင်းနဲ့စူပါအီးဂဲလ်အသင်းတို့ကစားရမယ့် နိုင်ဂျီးရီးယားမြို့မှာစစ်ပွဲဖြစ်နေခဲ့ပြီးပီလီတို့မြို့ထဲကို ရောက်တဲ့အချိန် နိုင်ဂျီရီးယားနဲ့ ဘိုင်ဖရား နှစ်ဖက်စလုံး က ပီလီ ဘောလုံးကစားတာကို ကြည့်ချင်တာကြောင့် 48 နာရီ အပစ်အခက် ရပ်စဲခဲ့ပါတယ်။ ကမ္ဘာ့ ဘောလုံး လောကရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ကလည်း ပီလီပဲဖြစ်ပြီး ဂိုးပေါင်း 1000 ကျော် သွင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘရာဇီး အသင်းနဲ့ အတူ 92 ပွဲ ကစားကာ 77 ဂိုးထိ သွင်းနိုင်ခဲ့ပြီး နှစ်50 ကျော်ဘရာဇီးအသင်းရဲ့ဂိုးသွင်းအများဆုံးစံချိန်ကိုတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပီလီက ဘရာဇီး အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို 3ကြိမ်တိုင်တိုင်ကိုင်မြှောက်နိုင်ခဲ့ပြီးယနေ့အထိပီလီရဲ့စံချိန်ကိုဘယ်ကစားသမားမှမကျော်ဖျက်နိုင်သေးတာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးသွားတာကတော့ကမ္ဘာ့ဘောလုံးလောကရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ပီလီအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#pele
#forward
#footballer
#brazilian
#brazilian
最新消息
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整
馬德里競技 vs 巴塞隆納(賽後回顧)
赫爾城 vs 切爾西(賽後回顧)