နည်းပြ ကွန်တီ  လက်ထပ်မှာမှ တောက်ပခဲ့တဲ့ ကစားသမား တစ်ယောက် 

Published 2w ago
Article
နည်းပြ ကွန်တီ  လက်ထပ်မှာမှ တောက်ပခဲ့တဲ့ ကစားသမား တစ်ယောက် 

နည်းပြ ကွန်တီ  လက်ထပ်မှာမှ တောက်ပခဲ့တဲ့ ကစားသမား တစ်ယောက် 



တစ်ချိန် က ချယ်ဆီး အသင်းရဲ့ ညခြမ်းတစ်လျောက် အတက်အဆင်းမှန်မှန်နဲ့ အထူးခြေစွမ်းပြခဲ့တဲ့ ကစားသမား တစ်ဦးရှိခဲ့ပါတယ် ။ အဲ့ဒီကစားသမားကတော့ Victor Moses: ပဲဖြစ်ပါတယ် ။ ဗစ်တာ မိုးဆက်စ် က  နည်းပြကြီး ကွန်တီ  လက်အောက်မှာ တောက်ပခဲ့တဲ့ ကစားသမား တစ်ဦးလို့ ပြောရင်လည်းမမှားပါဘူး ။ ဗစ်တာ မိုးဆက်စ် က ချယ်ဆီး အသင်းကို အစောပိုင်းအချိန်တွေထဲ က ရောက်ရှိခဲ့ပေမယ့် ၂၀၁၆-၁၇ ဘောလုံးရာသီမတိုင်ခင်အထိ  ချယ်ဆီး အသင်းမှာ ၃ နှစ်အတွင်း  ပရီးမီးယားလိဂ် တစ်ပွဲတောင် မကစားခဲ့ရပါဘူး ။ ဒါပေမယ့် ကွန်တီ က ချယ်ဆီးအသင်း ရဲ့ နည်းပြ ဖြစ်လာတဲ့ အချိန်မှာတော့ ဗစ်တာ မိုးဆက်စ် က နေရာစတင်ရရှိခဲ့တယ် ။ နည်းပြကြီး ကွန်တ်တီ  သိပ်ကို ကြိုက်နှစ်သက် တဲ့ နောက်တန်း သုံးယောက် ကစားတဲ့  ၃-၄-၃ ကစာားကွက်မှာတောာ့ ဗစ်တာ မိုးဆက်စ်  က Right Wing Back အဖြစ် အကောင်းဆုံးအသုံးတော်ခံပြီး  အသင်းကို တော်တောာ်လေး ထမ်းတင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ၃ နှစ်အတွင်း ပရီးမီးယားလိဂ် ပွဲ တစ်ပွဲတောင် မကစားရတဲ့ ကစားသမားဘဝကနေ ဗစ်တာ မိုးဆက်စ် က အဲ့တစ်ရာသီထဲမှာပဲ ချယ်ဆီး အသင်းနဲ့ အတူ ပွဲ ၄၀ အထိ ကစားခဲ့ရပြီး ချယ်ဆီး အသင်းနဲ့လည်း ပရီးမီးယားလိဂ် ဆုဖလားကြီး ကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။


Leave a reply

💬 Join our Telegram
📢 Hello!! You can ask directly to the admin for more information...