နည်းပြ ကွန်တီ လက်ထပ်မှာမှ တောက်ပခဲ့တဲ့ ကစားသမား တစ်ယောက်
နည်းပြ ကွန်တီ လက်ထပ်မှာမှ တောက်ပခဲ့တဲ့ ကစားသမား တစ်ယောက်
တစ်ချိန် က ချယ်ဆီး အသင်းရဲ့ ညခြမ်းတစ်လျောက် အတက်အဆင်းမှန်မှန်နဲ့ အထူးခြေစွမ်းပြခဲ့တဲ့ ကစားသမား တစ်ဦးရှိခဲ့ပါတယ် ။ အဲ့ဒီကစားသမားကတော့ Victor Moses: ပဲဖြစ်ပါတယ် ။ ဗစ်တာ မိုးဆက်စ် က နည်းပြကြီး ကွန်တီ လက်အောက်မှာ တောက်ပခဲ့တဲ့ ကစားသမား တစ်ဦးလို့ ပြောရင်လည်းမမှားပါဘူး ။ ဗစ်တာ မိုးဆက်စ် က ချယ်ဆီး အသင်းကို အစောပိုင်းအချိန်တွေထဲ က ရောက်ရှိခဲ့ပေမယ့် ၂၀၁၆-၁၇ ဘောလုံးရာသီမတိုင်ခင်အထိ ချယ်ဆီး အသင်းမှာ ၃ နှစ်အတွင်း ပရီးမီးယားလိဂ် တစ်ပွဲတောင် မကစားခဲ့ရပါဘူး ။ ဒါပေမယ့် ကွန်တီ က ချယ်ဆီးအသင်း ရဲ့ နည်းပြ ဖြစ်လာတဲ့ အချိန်မှာတော့ ဗစ်တာ မိုးဆက်စ် က နေရာစတင်ရရှိခဲ့တယ် ။ နည်းပြကြီး ကွန်တ်တီ သိပ်ကို ကြိုက်နှစ်သက် တဲ့ နောက်တန်း သုံးယောက် ကစားတဲ့ ၃-၄-၃ ကစာားကွက်မှာတောာ့ ဗစ်တာ မိုးဆက်စ် က Right Wing Back အဖြစ် အကောင်းဆုံးအသုံးတော်ခံပြီး အသင်းကို တော်တောာ်လေး ထမ်းတင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ၃ နှစ်အတွင်း ပရီးမီးယားလိဂ် ပွဲ တစ်ပွဲတောင် မကစားရတဲ့ ကစားသမားဘဝကနေ ဗစ်တာ မိုးဆက်စ် က အဲ့တစ်ရာသီထဲမှာပဲ ချယ်ဆီး အသင်းနဲ့ အတူ ပွဲ ၄၀ အထိ ကစားခဲ့ရပြီး ချယ်ဆီး အသင်းနဲ့လည်း ပရီးမီးယားလိဂ် ဆုဖလားကြီး ကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။
最新消息
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整
馬德里競技 vs 巴塞隆納(賽後回顧)
赫爾城 vs 切爾西(賽後回顧)