ရာသီကုန်ရင် နည်းပြရာထူးအတွက် မန်ချက်စတာယူနိုက်တက် အသင်း ဘယ်လိုဆုံးဖြတ်သွားမလဲ ?
ရာသီကုန်ရင် နည်းပြရာထူးအတွက် မန်ချက်စတာယူနိုက်တက် အသင်း ဘယ်လိုဆုံးဖြတ်သွားမလဲ ?
မန်ချက်စတာယူနိုက်တက် အသင်း က အာမိုရင် ကို နည်းပြရာထူးကနေ ထုပ်ပယ်ပြီး အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မိုက်ကယ်ကားရစ် ကို ယာယီနည်းပြရာထူးနဲ့ ရာသီကုန်ထိ ခန့်အပ်ခဲ့တယ် ။ အာမိုရင် လက်ထပ် ဖရိုဖရဲ ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းက မိုက်ကယ်ကားရစ် လက်ထပ်မှာတော့ တော်တော်လေးကို တိုးတက်လာခဲ့တယ် ။
ကစားသမားတွေ ခံယူချက် ၊ နိုင်လိုစိတ် ၊ တိုက်ပွဲဝင်လိုစိတ်က အသိသာလာဆုံးပဲဖြစ်ပါတယ် ။ အဲ့လို ကစားသမားတွေရဲ့ ခံယူချက်ကြောင့် မိုက်ကယ်ကားရစ် ကိုင်တွယ်ပြီးကတည်း က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ရလဒ်တွေက သိသိသာသာတိုးတက်လာခဲ့တယ် ။ အာမိုရင် လက်ထပ် တန်းဆင်းဇုန် အသင်းတွေ ၊ EPL အလယ်လတ်တန်းစား အသင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်တောင် အတော်လေး တိုင်ပတ်နေတက်တဲ့ အသင်းတစ်သင်းက ကားရစ် လက်ထပ်မှာတော့ မန်စီးတီး ၊ အာဆင်နယ် ၊ တော်တင်ဟမ် စပါး တို့လို EPL အင်အားကြီးပြီး ရင်ဆိုင်ရခက်ခဲတဲ့ အသင်းတွေကိုတောင် ဆက်တိုက်အနိုင်ယူခဲ့တယ် ။
အဲ့တာကြောင့် ရာသီကုန်ရင် မိုက်ကယ်ကားရစ် ကို နည်းပြရာထူးတရားဝင်ပေးအပ်သွားမလားဆိုတဲ့ မေးခွန်းတွေကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တယ် ။ တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေက နည်းပြနေရာအတွက် အခြားနည်းပြတစ်ချို့ကိုလည်းစောင့်ကြည့်နေပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေ က အစောပိုင်း အချိန်တွေတုန်းက အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြ သောမက်တူချယ် ကိုလည်း စိတ်ဝင်စားခဲ့ပေမယ့် သောမက်တူချယ် က အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တာကြောင့် အခုချိန်မှာတော့ တခြားထိပ်တန်းနည်းပြတွေကို စောင့်ကြည့်နေတာပဲဖြစ်ပါတယ် ။
အခုချိန် မန်ချက်စတာယူနိုက်တက် အသင်း စိတ်ဝင်စားနေတဲ့ နည်းပြတွေကေတာ့ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြ နားဂယ်စမန်း နဲ့ မာဆေးနည်းပြဟောင်း ဒီဇာဘီ တို့ပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေက မိုက်ကယ်ကားရစ် ကို အမြဲတမ်း နည်းပြရာထူး တရားဝင်ပေးအပ်ဖို့အတွက် ကြိုက်နှစ်သက်ပေ့မယ့် အသင်းကို တကယ်အများကြီးထမ်းတင်ပေးနိုင်မယ့်အပြင် ဆုဖလားတွေပါ အရယူနိုင်မယ့် အတွေ့အကြုံရင် ဝါရင့်နည်းပြတွေကို ပိုပြီးတော့ စိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။
နောက်ဆုံးမှာ ဘယ်နည်းပြက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်လာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွးပေးသွားကြပါအုံး ။ အဆုံးထိဝင်ေရာက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
Nicolas jackson
Liam delap
Emanuel Emegha
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)