ရာသီကုန်ရင် နည်းပြရာထူးအတွက် မန်ချက်စတာယူနိုက်တက် အသင်း ဘယ်လိုဆုံးဖြတ်သွားမလဲ ?

Published 3 周 前
Premier League
ရာသီကုန်ရင် နည်းပြရာထူးအတွက် မန်ချက်စတာယူနိုက်တက် အသင်း ဘယ်လိုဆုံးဖြတ်သွားမလဲ ?

ရာသီကုန်ရင် နည်းပြရာထူးအတွက် မန်ချက်စတာယူနိုက်တက် အသင်း ဘယ်လိုဆုံးဖြတ်သွားမလဲ ?

မန်ချက်စတာယူနိုက်တက် အသင်း က အာမိုရင် ကို နည်းပြရာထူးကနေ ထုပ်ပယ်ပြီး အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မိုက်ကယ်ကားရစ် ကို ယာယီနည်းပြရာထူးနဲ့ ရာသီကုန်ထိ ခန့်အပ်ခဲ့တယ် ။ အာမိုရင် လက်ထပ် ဖရိုဖရဲ ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းက မိုက်ကယ်ကားရစ် လက်ထပ်မှာတော့ တော်တော်လေးကို တိုးတက်လာခဲ့တယ် ။
ကစားသမားတွေ ခံယူချက် ၊ နိုင်လိုစိတ် ၊ တိုက်ပွဲဝင်လိုစိတ်က အသိသာလာဆုံးပဲဖြစ်ပါတယ် ။ အဲ့လို ကစားသမားတွေရဲ့ ခံယူချက်ကြောင့် မိုက်ကယ်ကားရစ် ကိုင်တွယ်ပြီးကတည်း က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ရလဒ်တွေက သိသိသာသာတိုးတက်လာခဲ့တယ် ။ အာမိုရင် လက်ထပ် တန်းဆင်းဇုန် အသင်းတွေ ၊ EPL  အလယ်လတ်တန်းစား အသင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်တောင် အတော်လေး တိုင်ပတ်နေတက်တဲ့ အသင်းတစ်သင်းက ကားရစ် လက်ထပ်မှာတော့ မန်စီးတီး ၊ အာဆင်နယ် ၊ တော်တင်ဟမ် စပါး တို့လို EPL အင်အားကြီးပြီး ရင်ဆိုင်ရခက်ခဲတဲ့ အသင်းတွေကိုတောင် ဆက်တိုက်အနိုင်ယူခဲ့တယ် ။
အဲ့တာကြောင့် ရာသီကုန်ရင် မိုက်ကယ်ကားရစ် ကို နည်းပြရာထူးတရားဝင်ပေးအပ်သွားမလားဆိုတဲ့ မေးခွန်းတွေကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တယ် ။ တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေက နည်းပြနေရာအတွက် အခြားနည်းပြတစ်ချို့ကိုလည်းစောင့်ကြည့်နေပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေ က အစောပိုင်း အချိန်တွေတုန်းက အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြ သောမက်တူချယ် ကိုလည်း စိတ်ဝင်စားခဲ့ပေမယ့် သောမက်တူချယ် က အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တာကြောင့် အခုချိန်မှာတော့ တခြားထိပ်တန်းနည်းပြတွေကို စောင့်ကြည့်နေတာပဲဖြစ်ပါတယ် ။

အခုချိန် မန်ချက်စတာယူနိုက်တက် အသင်း စိတ်ဝင်စားနေတဲ့ နည်းပြတွေက‌ေတာ့ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြ နားဂယ်စမန်း နဲ့ မာဆေးနည်းပြဟောင်း ဒီဇာဘီ တို့ပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေက မိုက်ကယ်ကားရစ် ကို အမြဲတမ်း နည်းပြရာထူး တရားဝင်ပေးအပ်ဖို့အတွက် ကြိုက်နှစ်သက်ပေ့မယ့် အသင်းကို တကယ်အများကြီးထမ်းတင်ပေးနိုင်မယ့်အပြင် ဆုဖလားတွေပါ အရယူနိုင်မယ့် အတွေ့အကြုံရင် ဝါရင့်နည်းပြတွေကို ပိုပြီးတော့ စိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။
နောက်ဆုံးမှာ ဘယ်နည်းပြက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်လာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွးပေးသွားကြပါအုံး ။ အဆုံးထိဝင်‌ေရာက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။ 


Nicolas jackson 

Liam delap

Emanuel Emegha 


Leave a reply

💬 Join our Telegram
📢 您好!您可以直接向管理員詢問更多資訊…