အခြေအနေ တော်တော်လေးဆိုးနေတဲ့ သောမက်ဖရန့်စ် ရဲ့ စပါးအသင်း
စပါး အသင်းက မနှစ်ကဘောလုံးရာသီတုန်းက ပိုစေလို ဂလူးရဲ့ လက်ထပ်မှာ အခြေအနေတွေ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပေမယ့် အသင်းရဲ့ ဆုဖလား ဝေးကွာနေမှုကိုတော့ ယူရိုပါလိဂ် ဖလားတစ်လုံးနဲ့ အဆုံးသတ်ပေးခဲ့တယ် ။ ဒါပေမယ့် စပါးအသင်း တာဝန်ရှိသူတွေကတော့ ပိုစေလို ဂလူးကို နည်းပြရာထူးကနေထုပ်ပယ်ခဲ့ပြီး ဘရန်ဖို့စ် အသင်းနဲ့ အတူ ပုံစံကောင်းတွေကို နှစ်တိုင်းလိုလိုပြသနိုင်ခဲ့တဲ့ နည်းပြကြီး သောမက် ဖရန့်စ် ကို ခန့်အပ်ခဲ့တယ် ။ အသင်းအတွက်လည်း ထူးထူးခြားခြား အရည်အသွေးမြင့်ကစားသမားတွေကို ငွေပုံပေးကာ ခေါ်ယူပေးခဲ့ပြီး သောမက် ဖရန့် ကို ယုံကြည်မှု အပြည့်အဝပေးခဲ့တယ် ။ စပါး အသင်းရဲ့ ထူးထူးခြားခြား ဖြည့်တင်းမှုတွေအပြင် ၊ နည်းပြရာထူးအတွက်လည်း သောမက်ဖရန့်လို အရည်အချင်းရှိတဲ့ နည်းပြကို ခန့်အပ်လိုက်တာကြောင့် တော်တင်ဟမ် စပါး အသင်းကလည်း ရာသီမစခင် စောင့်ကြည့်ချင်စရာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့တယ် ။
ပရီးမီးယားလိဂ် ရာသီစစချင်းပွဲစဥ်တွေမှာလည်း သောမက်ဖရန့်စ် ရဲ့ အသင်းက ကောင်းကောင်းကြီး လုပ်ပြခဲ့တာကြောင့် စပါး အသင်းအနေနဲ့ မနှစ်ကဘောလုံးရာသီတုန်းကလို ဆိုးဝါးတဲ့ အခြေအနေတွေ မရင်ဆိုင်ရတော့ဘူး ထင်ထာခဲ့ကြတယ် ။ ဒါပေမယ့် စပါး အသင်း ရဲ့ လက်ရှိအခြေအနေတွေက မနှစ်က ရာသီထက် ကို ပိုမိုဆိုးဝါးနေတာပဲဖြစ်ပါတယ် ။ လက်ရှိ ပွဲစဥ် 23 ပွဲကစားပြီးတဲ့ အချိန် အဆင့် 14 နေရာမှာ ရပ်တည်နေပြီး မနှစ်ကဘောလုံးရာသီတုန်းကလိုပဲ တန်းဆင်းဇုန် နဲ့ တော်တော်လေးကို နီးကပ်နေတာပဲဖြစ်ပါတယ်။ တော်တင်ဟမ် စပါး အနေနဲ့ နောက်ဆုံး ပရီးမီးယားလိဂ် 5 ပွဲ နိုင်ပွဲပျောက်နေခဲ့သလို 3 ပွဲ သရေ ၊ 2 ပွဲရှုံးဆိုတဲ့ ရလဒ်ဆိုးတစ်ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ် ။ စပါး အသင်းတာဝန်ရှိသူတွေ အနေနဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းကရော လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့ကာလ နှစ်ခုစလုံးမှာ သောမက်ဖရန့် အတွက် လိုတာထက် ပိုတဲ့ ကစားသမား ခေါ်ယူအားဖြည့်မှုတွေကို ပြုလုပ်ပေးခဲ့ပေမယ့် သောမက်ဖရန့် အနေနဲ့ကတော့ စပါး အသင်းကို တည်ငြိမ်တဲ့ ပုံစံကောင်းတစ်ခုကို ပြသဖို့ ခက်ခဲနေသေးတာပဲဖြစ်ပါတယ် ။
ဒီလိုပုံစံ အတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် သောမက်ဖရန့်စ် အနေနဲ့လည်း ရာသီမကုန်ခင် အသင်းကနေ ထုပ်ပယ်တာမျိုးကို ခံရနိုင်ပါတယ် ။ အခု ရင်ဆိုင်နေရတဲ့ ဆိုးဆိုးဝါးဝါး ပြဿနာတွေကြားကနေ သောမက် ဖရန့်စ် တစ်ယောက် ဘယ်လိုရုန်းထွက်သွားမလဲဆိုတာကတော့ အဆုံးထိစောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရောဘယ်လိုထင်လဲ ။ ဒီပြဿနာ တွေကို သောမက်ဖရန့် ကျော်ဖြတ်သွားနိုင်မယ်ထင်လား ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#thomasfrank
#tottenhamhotspur
#coach
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)