ရက်ရှ်ဖိုဒ့် ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချပေးမှာမဟုတ်တဲ့ မန်ချက်စတာယူနိုက်တက်
ရပ်ရှ်ဖိုဒ့် ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချပေးမှာမဟုတ်တဲ့ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် အသင်းက ဒီနှစ်ဘောလုံးရာသီနွေရာသီ အပြောင်းအရွှေ့ကာလတုန်းက တိုက်စစ်ပိုင်းအတွက် အပြောင်းအလဲများစွာကိုပြုလုပ်ခဲ့တယ် ။ အသင်းနဲ့ အဆင်မပြေတော့တဲ့ တိုက်စစ်ကစားသမားတော်တော်များများ ကို အသင်းကနေ ထုပ်ပယ်ပြီး အမ်ဗူမို ၊ ခူညာ ၊ ဆက်စကို တို့နဲ့ အကောင်းဆုံး အားဖြည့်မှုတွေပြုလုပ်ခဲ့တယ် ။ မန်ချက်စတာယူနိုက်တက်အသင်း ရှင်းထုပ်လိုက်တဲ့ ကစားသမားတွေထဲမှာ ရပ်ရှ်ဖိုဒ့် လို အရည်အသွေးပြည့်ဝတဲ့ မန်ချက်စတာယူနိုက်တက် ငယ်မွေးခြံပေါက် ကစားသမားလည်း ပါဝင်ခဲ့တယ် ။ ရပ်ရှ်ဖိုဒ့် က မနှစ်ကဘောလုံးရာသီကတည်းက အက်စတွန်ဗီလာ အသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ဘာစီလိုနာ အသင်းထံကို တစ်ရာသီ အငှားနဲ့ သွားရောက်ကစားခဲ့တယ်။ ဘာစီလိုနာ အသင်းက မန်ချက်စတာယူနိုက်တက် အသင်းထံကနေ ရပ်ရှ်ဖိုဒ့် ကို တစ်ရာသီ အငှား + ယူရို သန်း 30 နဲ့ အပြီးသတ်ဝယ်ယူလို့ရတဲ့ စာချုပ်နဲ့ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ် ။ရပ်ရှ်ဖိုဒ့် တစ်ယောက် ဟန်စီဖလစ် ရဲ့ ဘာစီလိုနာအသင်းမှာ လျင်လျင်မြန်မြန် အသားကျခဲ့ပြီး အကောင်းမွန်ဆုံး ခြေစွမ်းတွေကို ဆက်လက်ပြသနိုင်ခဲ့တာကြောင့် ဟန်စီဖလစ် ရဲ့ သဘောကျမှုကိုလည်း အပြည့်အဝ ရရှိခဲ့တယ် ။ အဲ့တာကြောင့် ဘာစီလိုနာ အသင်းတာဝန်ရှိသူတွေ အနေနဲ့ ရပ်ရှ်ဖိုဒ့် ကို လာမယ့် ရာသီမှာ အပြီးသတ်ဝယ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ် ။ ဒါပေမယ့် ဘာစီလိုနာ အသင်း က ရပ်ရှ်ဖိုဒ့် ရဲ့ လုပ်ခလစာများနေတဲ့အပြင် အစောပိုင်း အချိန်တွေတုန်း က မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သဘောတူထားတဲ့ ယူရို သန်း 30 နဲ့ အပြီးသတ်ခေါ် ယူလို့ရတယ်ဆိုတဲ့ သဘောတူညီချက်ကို ချိုးဖျက်ချင်နေတာပဲဖြစ်ပါတယ် ။ ဘာစီလိုနာ အသင်းက ရပ်ရှ်ဖိုဒ့် ကို အစောပိုင်း သဘောတူညီထားတဲ့ ယူရို သန်း 30 ထက် လျော့နည်းတဲ့ပြောင်းရွှေ့ကြေးတစ်ခု နဲ့ ခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ညှိနှိုင်းချင်နေတာပဲဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း ရပ်ရှ်ဖိုဒ့် ကို ပြင်သစ်ထိပ်သီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပီအက်ဂျီ အသင်းကလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပါတယ် ။ ပီအက်ဂျီ အသင်းအနေနဲ့ကတော့ မန်ချက်စတာယူနိုက်တက် အသင်း တောင်းဆိုတဲ့ ယူရို သန်း 30 ဆိုတဲ့ ပြောင်းရွှေ့ဘာစီလိုနာ အသင်းအနေနဲ့ ရပ်ရှ်ဖိုဒ့် ရဲ့ အပြောင်းအရွှေ့အတွက် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သဘောတူညီမှု ရရှိအောင်လုပ်ဆောင်သွားနိုင်မလား ။ ဒါမှမဟုတ် ပီအက်ဂျီ အသင်းကပဲ ရပ်ရှ်ဖိုဒ့် ကို အရခေါ်ယူသွားမလားဆိုတာ ဆက်လက်စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ် ။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )