ရက်ရှ်ဖိုဒ့် ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချပေးမှာမဟုတ်တဲ့ မန်ချက်စတာယူနိုက်တက်

Published 2 周 前
Article Premier League
ရက်ရှ်ဖိုဒ့် ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချပေးမှာမဟုတ်တဲ့ မန်ချက်စတာယူနိုက်တက်

ရပ်ရှ်ဖိုဒ့် ရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချပေးမှာမဟုတ်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းက ဒီနှစ်ဘောလုံးရာသီနွေရာသီ အပြောင်းအရွှေ့ကာလတုန်းက တိုက်စစ်ပိုင်းအတွက် အပြောင်းအလဲများစွာကိုပြုလုပ်ခဲ့တယ် ။ အသင်းနဲ့ အဆင်မပြေတော့တဲ့ တိုက်စစ်ကစားသမားတော်တော်များများ ကို အသင်းကနေ ထုပ်ပယ်ပြီး အမ်ဗူမို ၊ ခူညာ ၊ ဆက်စကို တို့နဲ့ အကောင်းဆုံး အားဖြည့်မှုတွေပြုလုပ်ခဲ့တယ် ။ မန်ချက်စတာယူနိုက်တက်အသင်း ရှင်းထုပ်လိုက်တဲ့ ကစားသမားတွေထဲမှာ ရပ်ရှ်ဖိုဒ့် လို အရည်အသွေးပြည့်ဝတဲ့ မန်ချက်စတာယူနိုက်တက် ငယ်မွေးခြံပေါက် ကစားသမားလည်း ပါဝင်ခဲ့တယ် ။ ရပ်ရှ်ဖိုဒ့် က မနှစ်ကဘောလုံးရာသီကတည်းက အက်စတွန်ဗီလာ အသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ဘာစီလိုနာ အသင်းထံကို တစ်ရာသီ အငှားနဲ့ သွားရောက်ကစားခဲ့တယ်။ ဘာစီလိုနာ အသင်းက မန်ချက်စတာယူနိုက်တက် အသင်းထံကနေ ရပ်ရှ်ဖိုဒ့် ကို တစ်ရာသီ အငှား + ယူရို သန်း 30 နဲ့ အပြီးသတ်ဝယ်ယူလို့ရတဲ့ စာချုပ်နဲ့ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ် ။ရပ်ရှ်ဖိုဒ့် တစ်ယောက် ဟန်စီဖလစ် ရဲ့ ဘာစီလိုနာအသင်းမှာ လျင်လျင်မြန်မြန် အသားကျခဲ့ပြီး အကောင်းမွန်ဆုံး ခြေစွမ်းတွေကို ဆက်လက်ပြသနိုင်ခဲ့တာကြောင့် ဟန်စီဖလစ် ရဲ့ သဘောကျမှုကိုလည်း အပြည့်အဝ ရရှိခဲ့တယ် ။ အဲ့တာကြောင့် ဘာစီလိုနာ အသင်းတာဝန်ရှိသူတွေ အနေနဲ့ ရပ်ရှ်ဖိုဒ့် ကို လာမယ့် ရာသီမှာ အပြီးသတ်ဝယ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ် ။ ဒါပေမယ့် ဘာစီလိုနာ အသင်း က ရပ်ရှ်ဖိုဒ့် ရဲ့ လုပ်ခလစာများနေတဲ့အပြင် အစောပိုင်း အချိန်တွေတုန်း က မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သဘောတူထားတဲ့ ယူရို သန်း 30 နဲ့ အပြီးသတ်ခေါ် ယူလို့ရတယ်ဆိုတဲ့ သဘောတူညီချက်ကို ချိုးဖျက်ချင်နေတာပဲဖြစ်ပါတယ် ။ ဘာစီလိုနာ အသင်းက ရပ်ရှ်ဖိုဒ့် ကို အစောပိုင်း သဘောတူညီထားတဲ့ ယူရို သန်း 30 ထက် လျော့နည်းတဲ့ပြောင်းရွှေ့ကြေးတစ်ခု နဲ့ ခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ညှိနှိုင်းချင်နေတာပဲဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း ရပ်ရှ်ဖိုဒ့် ကို ပြင်သစ်ထိပ်သီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပီအက်ဂျီ အသင်းကလည်း ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပါတယ် ။ ပီအက်ဂျီ အသင်းအနေနဲ့ကတော့ မန်ချက်စတာယူနိုက်တက် အသင်း တောင်းဆိုတဲ့ ယူရို သန်း 30 ဆိုတဲ့ ပြောင်းရွှေ့ဘာစီလိုနာ အသင်းအနေနဲ့ ရပ်ရှ်ဖိုဒ့် ရဲ့ အပြောင်းအရွှေ့အတွက် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သဘောတူညီမှု ရရှိအောင်လုပ်ဆောင်သွားနိုင်မလား ။ ဒါမှမဟုတ် ပီအက်ဂျီ အသင်းကပဲ ရပ်ရှ်ဖိုဒ့် ကို အ‌ရခေါ်ယူသွားမလားဆိုတာ ဆက်လက်စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ် ။

Leave a reply

💬 Join our Telegram
📢 您好!您可以直接向管理員詢問更多資訊…