လွန်ခဲ့တဲ့ ၂၅ နှစ်က ဘောလုံးလောကရဲ့ ကြီးမားသော လှုပ်ခပ်မှုကြီးတစ်ခု

Published 2 ပတ် ခန့်က
Article
လွန်ခဲ့တဲ့ ၂၅ နှစ်က ဘောလုံးလောကရဲ့  ကြီးမားသော လှုပ်ခပ်မှုကြီးတစ်ခု

လွန်ခဲ့တဲ့ ၂၅ နှစ်က ဘောလုံးလောကရဲ့ ကြီးမားသော လှုပ်ခပ်မှုကြီးတစ်ခုု

လွန်ခဲ့တဲ့ ၂၅ နှစ် ဒီလိုအချိန်လောက်မှာ ဘောလုံး​လောက တစ်ခုလုံးကို လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားစေမယ့် အကြောင်းအရာတစ်ခုရှိခဲ့တယ် ။ အဲ့ဒီ ဘောလုံးလောကတစ်ခုလုံးကို လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားစေခဲ့တဲ့အကြောင်းအရာရဲ့ ဇာတ်လိုက်ကတော့ ပေါ်တူဂီ ကစားသမား လူးဝစ် ဖီဂို ပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၂၅ နှစ်ဆိုတော့ ၂၀၀၀ ပြည့်နှစ်လောက်ပေါ့ ။ အဲ့ချိန်တုန်းက လူးဝစ် ဖီဂို က ဘာစီလိုနာ အသင်းအတွက် မရှိမဖြစ်ကစားသမားတစ်ယောက်လို့ဆိုရမယ် ။အသင်းကို ဦးစီးဦးဆောင်လုပ်ပြီး ကစားနိုင်တဲ့ ခေါင်​းဆောင်ကောင်းတစ်ယောက်ဖြစ်သလို၊ ဘာစီလိုနာ အသင်းပရိတ်သတ်တွေရဲ့အချစ်တော်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ် ။ ရှင်းရှင်းပြောရရင် အဲ့ချိန်တုန်းကတော့ ဖီဂိုက Camp Nou ရဲ့ အရှင်သခင် လည်းဖြစ်ခဲ့တယ် ။ ကစားသမားတစ်ယောက်အတွက်အကြီးကျယ်အခမ်းနားဆုံးဆုဖြစ်တဲ့ ဘောလွန်းဒီအော ကိုလည်း ဘာစီလိုနာအသင်း နဲ့အတူ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဲ့ချိန်တုန်းက ဖီဂို က ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ် ။ ဒါပေမယ့် သိပ်မကြာခင် အချိန်အတွင်းမှာပဲ လူးဝစ် ဖီဂို က ရုတ်တရက်ဆိုသလို အဲ့ချိန်တုန်းက ကမ္ဘာ့စံချိန်တင်​​​ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ နဲ့ ဘာစီလိုနာ အသင်းရဲ့ အခါးသီးဆုံး နဲ့ အဓိက ပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကိုပြော​င်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ် ။​ ဒီသတင်းက လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ဘောလုံးရပ်ဝန်း တစ်ခုလုံးကို လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားစေခဲ့ပါတယ် ။

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...