လွန်ခဲ့တဲ့ ၂၅ နှစ်က ဘောလုံးလောကရဲ့ ကြီးမားသော လှုပ်ခပ်မှုကြီးတစ်ခု
လွန်ခဲ့တဲ့ ၂၅ နှစ်က ဘောလုံးလောကရဲ့ ကြီးမားသော လှုပ်ခပ်မှုကြီးတစ်ခုု
လွန်ခဲ့တဲ့ ၂၅ နှစ် ဒီလိုအချိန်လောက်မှာ ဘောလုံးလောက တစ်ခုလုံးကို လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားစေမယ့် အကြောင်းအရာတစ်ခုရှိခဲ့တယ် ။ အဲ့ဒီ ဘောလုံးလောကတစ်ခုလုံးကို လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားစေခဲ့တဲ့အကြောင်းအရာရဲ့ ဇာတ်လိုက်ကတော့ ပေါ်တူဂီ ကစားသမား လူးဝစ် ဖီဂို ပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၂၅ နှစ်ဆိုတော့ ၂၀၀၀ ပြည့်နှစ်လောက်ပေါ့ ။ အဲ့ချိန်တုန်းက လူးဝစ် ဖီဂို က ဘာစီလိုနာ အသင်းအတွက် မရှိမဖြစ်ကစားသမားတစ်ယောက်လို့ဆိုရမယ် ။အသင်းကို ဦးစီးဦးဆောင်လုပ်ပြီး ကစားနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သလို၊ ဘာစီလိုနာ အသင်းပရိတ်သတ်တွေရဲ့အချစ်တော်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ် ။ ရှင်းရှင်းပြောရရင် အဲ့ချိန်တုန်းကတော့ ဖီဂိုက Camp Nou ရဲ့ အရှင်သခင် လည်းဖြစ်ခဲ့တယ် ။ ကစားသမားတစ်ယောက်အတွက်အကြီးကျယ်အခမ်းနားဆုံးဆုဖြစ်တဲ့ ဘောလွန်းဒီအော ကိုလည်း ဘာစီလိုနာအသင်း နဲ့အတူ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဲ့ချိန်တုန်းက ဖီဂို က ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ် ။ ဒါပေမယ့် သိပ်မကြာခင် အချိန်အတွင်းမှာပဲ လူးဝစ် ဖီဂို က ရုတ်တရက်ဆိုသလို အဲ့ချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ နဲ့ ဘာစီလိုနာ အသင်းရဲ့ အခါးသီးဆုံး နဲ့ အဓိက ပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီသတင်းက လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ဘောလုံးရပ်ဝန်း တစ်ခုလုံးကို လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားစေခဲ့ပါတယ် ။
最新消息
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整
馬德里競技 vs 巴塞隆納(賽後回顧)
赫爾城 vs 切爾西(賽後回顧)