သောမက်တူချယ်လက်ထပ်မှာသိသိသာသာတိုးတက်ကောင်းမွန်လာတဲ့ အင်္ဂလန် အသင်း

Published 1 လ ခန့်က
Article
  သောမက်တူချယ်လက်ထပ်မှာသိသိသာသာတိုးတက်ကောင်းမွန်လာတဲ့ အင်္ဂလန် အသင်း

အင်္ဂလန်လက်ရွေးစင် အသင်းအနေနဲ့ ဆုဖလားတွေကို အရမယူပေးနိုင်ခဲ့တဲ့ နည်းပြ ဆောက်လ်ဂိတ် ကို နည်းပြရာထူးကနေထုပ်ပယ်ပြီး ချဲလ်ဆီး အသင်း နဲ့ ဘာယန်မြူးနစ် အသင်းတို့ရဲ့ နည်းပြဟောင်း သောမက်တူချယ်ကို နည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။ သောမက်တူချယ် ကို နည်းပြအဖြစ် ခန့်အပ်ပြီးကတည်းက အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ စွမ်းဆောင်ရည်တွေက သိသိသာသာ ကို တိုးတက်ကောင်းမွန်လာခဲ့တယ် ။ သောမက်တူချယ် အနေနဲ့ ခံစစ် နဲ့ ကွင်းလယ် ကို ကျစ်ကျစ်လစ်လစ် နဲ့ တစ်ဖက်ပြိုင်ဘက် အသင်းကို အသာစီးရအောင် စွမ်းဆောင်နိုင်ခဲ့တယ် ။ သောမက်တူချယ် အနေနဲ့ ချဲလ်ဆီး အသင်းကို ကိုင်တွယ်ခဲ့တဲ့ အချိန်တုန်းကတည်းက ခံစစ်ကို အဓိက ကျစ်လစ်မာကျောအောင် တည်ဆောက်ပြီး ရင်ဆိုင်ရခက်ခဲတဲ့ အသင်းတစ်သင်းအသွင်ဖြစ်အောင် ဖော်ဆောင်ပေးနိုင်ခဲ့တယ် ။

အခုတစ်ခါ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြဖြစ်လာတဲ့ အချိန်မှာလည်း သောမက်တူချယ် အနေနဲ့ ပထမဆုံး ခံစစ် ကို ကျစ်လစ်မာကျောအောင်ပြင်ဆင်ခဲ့ပြီးမှ အခြား နေရာတွေကို သူ့စိတ်ကြိုက်တည်ဆောက်ခဲ့တယ် ။ အင်္ဂလန် အသင်းကို သောမက်တူချယ် ကိုင်တွယ်ပြီးကတည်း က သိသိသာသာ တိုးတက်လာတာက ခံစစ်ကစားပုံပဲ ။ သောမက်တူချယ် ကိုင်တွယ်ပြီးတဲ့ အချိန်ကတည်းက အင်္ဂလန် လက်ရွေးစင် အသင်းအနေနဲ့ ခြေစမ်းပွဲ​တွေမပါဘဲ ​နောက်ဆုံး (၁၀) ပွဲဆက်တိုက် ​ပေးဂိုးခွင့်ပြုရခြင်းမရှိ​အောင် စွမ်း​ဆောင်ထားနိုင်တယ်။ ဒါဟာ ၂၀၁၄ က​နေ ၂၀၁၆ အတွင်းဥ​ရောပပြိုင်ပွဲ​တွေမှာ စပိန်တင်ရှိထားတဲ့စံချိန်မှတ်တမ်းကို အမီလိုက်နိုင်ခဲ့တာပါပဲ။ သောမက်တူချယ် အနေနဲ့ ချဲလ်ဆီး အသင်း နဲ့ ချန်ပီယံလိဂ် ဆုဖလားကြီး ကို ဆွတ်ခူးခဲ့တဲ့ အချိန်တုန်းကလည်း ချဲလ်ဆီး အသင်းရဲ့ ခံစစ် က သိပ်ကိုမာကျောလှပြီး ရှုံးထွက်အဆင့်(၇)ပွဲမှာ ​ပေးဂိုး အနေနဲ့ (၂)ဂိုးသာ ခွင့်ပြုခဲ့ရတာပဲဖြစ်ပါတယ် ။

ပြီးတော့ သောမက်တူချယ် လက်ထက်မှ အရင်နည်းပြ ဆောက်လ်ဂိတ် လက်ထပ်ကလို ကွင်းလယ် မှာ ဒီကလန် ရိုက် နဲ့ တွဲဆော့မယ့် ကစားသမား ရေရေရာရာ မရှိတာမျိုး မရှိတော့ပဲ အဒန်ဝါတန် ၊ အန်ဒါဆန် တို့လို အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို သောမက်တူချယ် အနေနဲ့ ယုံယုံကြည်ကြည် နေရာပေးထားတာပဲဖြစ်ပါတယ် ။ အဲ့တာအပြင် သောမက်တူချယ် အနေနဲ့ တစ်ပွဲထိုး ပလန် တွေ အရမ်းကောင်းမွန်တဲ့ နည်းပြတစ်ယောက်ဖြစ်တဲ့ အပြင် Cup ဖလားတွေကို ဘယ်လိုသိမ်းရမလဲဆိုတာ ကောင်းကောင်းကြီး သိတဲ့ နည်းပြတစ်ယောက်ဖြစ်တာကြောင့် ဆုဖလားတွေနဲ့ ဝေးကွာနေရတဲ့ နာမည်ကြီး ထမင်းငတ် အင်္ဂလန် လက်ရွေးစင် အသင်းကို ဆုဖလားတစ်ခုခုရောက်အောင်စွမ်းဆောင်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။

#mmmedia

#england

#thomastuchel

#southgate

#coach

#football

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...