သောမက်တူချယ်လက်ထပ်မှာသိသိသာသာတိုးတက်ကောင်းမွန်လာတဲ့ အင်္ဂလန် အသင်း
အင်္ဂလန်လက်ရွေးစင် အသင်းအနေနဲ့ ဆုဖလားတွေကို အရမယူပေးနိုင်ခဲ့တဲ့ နည်းပြ ဆောက်လ်ဂိတ် ကို နည်းပြရာထူးကနေထုပ်ပယ်ပြီး ချဲလ်ဆီး အသင်း နဲ့ ဘာယန်မြူးနစ် အသင်းတို့ရဲ့ နည်းပြဟောင်း သောမက်တူချယ်ကို နည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။ သောမက်တူချယ် ကို နည်းပြအဖြစ် ခန့်အပ်ပြီးကတည်းက အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ စွမ်းဆောင်ရည်တွေက သိသိသာသာ ကို တိုးတက်ကောင်းမွန်လာခဲ့တယ် ။ သောမက်တူချယ် အနေနဲ့ ခံစစ် နဲ့ ကွင်းလယ် ကို ကျစ်ကျစ်လစ်လစ် နဲ့ တစ်ဖက်ပြိုင်ဘက် အသင်းကို အသာစီးရအောင် စွမ်းဆောင်နိုင်ခဲ့တယ် ။ သောမက်တူချယ် အနေနဲ့ ချဲလ်ဆီး အသင်းကို ကိုင်တွယ်ခဲ့တဲ့ အချိန်တုန်းကတည်းက ခံစစ်ကို အဓိက ကျစ်လစ်မာကျောအောင် တည်ဆောက်ပြီး ရင်ဆိုင်ရခက်ခဲတဲ့ အသင်းတစ်သင်းအသွင်ဖြစ်အောင် ဖော်ဆောင်ပေးနိုင်ခဲ့တယ် ။
အခုတစ်ခါ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြဖြစ်လာတဲ့ အချိန်မှာလည်း သောမက်တူချယ် အနေနဲ့ ပထမဆုံး ခံစစ် ကို ကျစ်လစ်မာကျောအောင်ပြင်ဆင်ခဲ့ပြီးမှ အခြား နေရာတွေကို သူ့စိတ်ကြိုက်တည်ဆောက်ခဲ့တယ် ။ အင်္ဂလန် အသင်းကို သောမက်တူချယ် ကိုင်တွယ်ပြီးကတည်း က သိသိသာသာ တိုးတက်လာတာက ခံစစ်ကစားပုံပဲ ။ သောမက်တူချယ် ကိုင်တွယ်ပြီးတဲ့ အချိန်ကတည်းက အင်္ဂလန် လက်ရွေးစင် အသင်းအနေနဲ့ ခြေစမ်းပွဲတွေမပါဘဲ နောက်ဆုံး (၁၀) ပွဲဆက်တိုက် ပေးဂိုးခွင့်ပြုရခြင်းမရှိအောင် စွမ်းဆောင်ထားနိုင်တယ်။ ဒါဟာ ၂၀၁၄ ကနေ ၂၀၁၆ အတွင်းဥရောပပြိုင်ပွဲတွေမှာ စပိန်တင်ရှိထားတဲ့စံချိန်မှတ်တမ်းကို အမီလိုက်နိုင်ခဲ့တာပါပဲ။ သောမက်တူချယ် အနေနဲ့ ချဲလ်ဆီး အသင်း နဲ့ ချန်ပီယံလိဂ် ဆုဖလားကြီး ကို ဆွတ်ခူးခဲ့တဲ့ အချိန်တုန်းကလည်း ချဲလ်ဆီး အသင်းရဲ့ ခံစစ် က သိပ်ကိုမာကျောလှပြီး ရှုံးထွက်အဆင့်(၇)ပွဲမှာ ပေးဂိုး အနေနဲ့ (၂)ဂိုးသာ ခွင့်ပြုခဲ့ရတာပဲဖြစ်ပါတယ် ။
ပြီးတော့ သောမက်တူချယ် လက်ထက်မှ အရင်နည်းပြ ဆောက်လ်ဂိတ် လက်ထပ်ကလို ကွင်းလယ် မှာ ဒီကလန် ရိုက် နဲ့ တွဲဆော့မယ့် ကစားသမား ရေရေရာရာ မရှိတာမျိုး မရှိတော့ပဲ အဒန်ဝါတန် ၊ အန်ဒါဆန် တို့လို အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို သောမက်တူချယ် အနေနဲ့ ယုံယုံကြည်ကြည် နေရာပေးထားတာပဲဖြစ်ပါတယ် ။ အဲ့တာအပြင် သောမက်တူချယ် အနေနဲ့ တစ်ပွဲထိုး ပလန် တွေ အရမ်းကောင်းမွန်တဲ့ နည်းပြတစ်ယောက်ဖြစ်တဲ့ အပြင် Cup ဖလားတွေကို ဘယ်လိုသိမ်းရမလဲဆိုတာ ကောင်းကောင်းကြီး သိတဲ့ နည်းပြတစ်ယောက်ဖြစ်တာကြောင့် ဆုဖလားတွေနဲ့ ဝေးကွာနေရတဲ့ နာမည်ကြီး ထမင်းငတ် အင်္ဂလန် လက်ရွေးစင် အသင်းကို ဆုဖလားတစ်ခုခုရောက်အောင်စွမ်းဆောင်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#england
#thomastuchel
#southgate
#coach
#football
最新消息
里斯·詹姆斯:伤病如何阻碍了他的职业生涯
切尔西是如何诞生的?
凱·哈弗茨因腿筋傷勢將再缺席三週
切爾西今夏將對門將和前鋒位置進行調整